#Local_News
Published 9 May 2025

▪️ မြေငလျင်ကြောင့် ‌ေခတ္တရပ်နားခဲ့သည့်"Bike Tour"ကို ယခု မေလ (၁၀) ရက်တွင် ပြန်လည် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

▪️ "စက်ဘီးစီးချင်တယ်၊ စက်ဘီးဝယ်ချင်တယ် ဒါပေမယ့် ဘယ်လိုစက်ဘီးအမျိုးအစားက ကိုယ်နှင့်ကိုက်ညီမှန်းမသိ၊ ဘယ်လိုအမျိုးအစားဝယ်ရမှန်းမသိဖြစ်နေတယ်ဆိုရင်သန့်မြန်မာနဲ့ Prevent Plastics+ တို့ပူးပေါင်းစီစဥ်တဲ့ စက်ဘီးဝယ်ကြမယ်ဆိုတဲ့ Bike Tour လေးမှာပါဝင်ဖို့အတွက် ဖိတ်ခေါ်ချင်ပါတယ် " ဟု သန့်မြန်မာအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

▪️ Bike Tourကိုအင်းစိန်မြို့နယ်၊ နံ့သာကုန်း စက်ဘီးနှင့် ယာဉ်အပိုပစ္စည်းရောင်းဝယ်ရေးစခန်း၌ပြုလုပ်သွားမည်ဖြစ်ပြီးအဆိုပါ Bike Tourကိုစက်ဘီးအကြောင်းသိချင်သူ၊ စက်ဘီးစျေးစုံစမ်းလိုသူ၊ စက်ဘီးဝယ်ယူလိုသူ၊ စက်ဘီးစစီးမည့်သူကအစ စက်ဘီးစီးဝါသနာအိုးများအထိ အားလုံးပါဝင်နိုင်ကြောင်း သိရသည်။

▪️ Bike Tour မစတင်ခင် စုရပ်အဖြစ် အင်းစိန်မြို့နယ် Melody Cafe and Foodတွင် လိုက်ပါမည့်သူများအားလုံးအဆိုပါနေ့ နံနက် ၁၀နာရီမတိုင်ခင် တွေ့ဆုံမည်ဖြစ်ပြီးစက်ဘီးနှင့်ပတ်သက်ပြီး အတွေ့အကြုံရှိ စက်ဘီးပရော်ဖက်ရှင်နယ် ဆရာကိုကျော်ကျော်ထက်မှ ဦးဆောင်ပြီး လိုက်လံပြသရှင်းပြသွားမည်ဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times