#Local_News
Published 9 April 2025

▪️ ငလျင်ဒဏ်ကြောင့် ပျက်စီးမှုရှိခဲ့သည့် ဆွာချောင်းတံတားကို ယနေ့ဧပြီလ ၉ရက်မှ စတင်ကာ တန် ၂၀ မော်တော်ယာဉ်ကြီးများဖြတ်သန်းခွင့်ပြုနေပြီဖြစ်ကြောင်း သိရသည်။

▪️ လက်ရှိတွင်ဆွာချောင်းတံတား အား ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ ခရီးသွားလာနိုင်ရန်အတွက် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၃) တံတားအထူးအဖွဲ့ (၁၀) က တာဝန်ယူဆောင်ရွက် လျက်ရှိပြီးရန်ကုန်-မန္တလေး အမြန်လမ်း ၁၆၅ မိုင် ၁ ဖာလုံ နှင့် ၁၆၅ မိုင် ၃ ဖာလုံကြား ရှိ ဆွာချောင်းတံတား ပြင်ဆင်မှု အခြေအနေအား ဧပြီလ ၇ရက်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဦးစိုးဝင်းကသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

▪️ ထို့သို့ စစ်ဆေးရာတွင်ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားခဲ့သည့် အသွားလမ်း ပေ ၈၁၀ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ P7 ကို ဗဟိုထား၍ နှစ်လွှာ တစ်ထပ် ယာယီဘေလီတံတားပေ ၁၉၀ တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ပေ ၄၀
သုံးလွှာသုံးထပ် ဘေလီငြမ်း ထောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

#YMG/SW #Yangon_Times