#Local_News
Published 28 April 2025

▪️ မတ်လ၂၈ရက်က ဖြစ်ပွားခဲ့သည့် အင်အားပြင်း‌မြေငလျင်ကြောင့် ထိခိုက်ခံစားခဲ့ ရသူများနှင့်အတူ တသားတည်းရပ်တည်လျက်ရှိကြောင်း ယူကေအစိုးရက မြေငလျင် တစ်လပြည့်နေ့တွင် ထုတ်ပြန်လိုက်သည်။

▪️ ယူကေအစိုးရအနေဖြင့် ထိခိုက်ခံစားခဲ့ရသူများနှင့်အတူ တသားတည်း ရပ်တည် လျက်ရှိသည့်အပြင် အသက်ကယ်ဆယ်ရေးနှင့် အရေးပေါ်လူသားချင်း စာနာမှုအကူ အညီများကိုလည်း ဆက်လက် ပေးအပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မြန်မာ့ မြေငလျင်နှင့် ပတ်သက်၍ယ‌နေ့အထိ ယူကေအစိုးအနေဖြင့် ရန်ပုံငွေ စုစုပေါင်း စတာလင်ပေါင် ၂၅ သန်းအထိ ထောက်ပံ့ထားပြီး ထိုပံ့ပိုးမှုများသည် ဒေသခံမိတ်ဖက် များမှတစ်ဆင့် အကူအညီလိုအပ်နေသူ ၁၁၆,၀၀၀ ကျော်ထံ ရောက်ရှိပြီး ဖြစ်ကြောင်း သိရသည်။

▪️ ထို့အပြင် ဖြစ်ရပ်ဆိုးကြောင့် ထိခိုက်ခံစားခဲ့ရသူအားလုံးကို အောက်မေ့သတိရဆု တောင်းပေးလျက် ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#YMG/SW #Yangon_Times