#Local_News
Published 28 April 2025

▪️ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြည်ပခရီးစဉ်များ မေလ ၁ ရက်တွင် ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း Myanmar Airways International (MAI) မှ သိရသည်။

▪️ ထိုသို့ ပြန်လည်ပြေးဆွဲရာတွင်MAIလေကြောင်းလိုင်းမှ မေလ ၁ ရက်မှစတင်၍ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိအ ပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ နေ့စဥ်ခရီးစဥ်များ၊ ချင်းမိုင်မြို့ဆီသို့တစ်ပတ်လျှင် ၂ကြိမ် ပြည်ပခရီးစဥ်များကို ပြန်လည်ပြေးဆွဲပေးမည်ဖြစ်‌ကြောင်း သိရသည်။

▪️ MAI အနေဖြင့် ငလျင်ကြောင့်ရပ်နားခဲ့ရသည့် ပြည်တွင်းခရီးစဥ်များဖြစ်သည့် နေပြည်တော်နှင့် မန္တလေးမြို့များသို့လည်း ဧပြီလ ၄ ရက်နှင့် ဧပြီလ ၉ ရက်က စတင်ပြန်လည်ပြေးဆွဲပေးခဲ့ကြောင်း သိရသည်။

#YMG/SW #Yangon_Times