#Local_News
Published 26 November 2024


▪️ ၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမနေ့ကို  နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ကျောက်စိမ်းအတွဲပေါင်း ၇၃၅ တွဲ ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

▪️ ပြည်တွင်းရတနာကုန်သည်များသည် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ပြည်တွင်းရတနာကုန်သည်များသာ ဝယ်ယူခွင့်ရှိသည့် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုခဲ့ကြပြီး အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲအမှတ် ၂၅၆၀ မှ ၃၃၀၉ အထိ ကျောက်စိမ်းအတွဲ ပေါင်း ၇၅၀ ကို ပြည်တွင်းရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးရာ ကျောက်စိမ်း အတွဲပေါင်း ၇၃၅ တွဲ ရောင်းချခဲ့ရကြောင်း သိရသည်။

▪️ ထို့အပြင် ပြပွဲနဝမနေ့တွင်ရောင်းချမည့် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲအမှတ် ၃၃၁၀ မှ အတွဲအမှတ် ၄၀၅၉ အထိ ကျောက်စိမ်းအတွဲပေါင်း ၇၅၀ ကို ပြည်တွင်းရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာတင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။ အဆိုပါ ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ညနေပိုင်းတွင် ဖွင့်ဖောက်စစ်ဆေးကာ ရောင်းချရသည့် ကျောက်စိမ်းအတွဲများစာရင်းကို နိုဝင်ဘာ ၂၆ ရက် ယနေ့ မနက်ပိုင်းတွင် ကြေညာသွားမည်ဖြစ်သည်။

▪️ ပြပွဲတွင် အုပ်စု(အေ၊ ဘီ နှင့် စီ)တို့မှ ကျောက်စိမ်း အတွဲပေါင်း ၄၈၀၀ ကို နေ့ရက်အလိုက် ပြည်တွင်း ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ အုပ်စု(အေနှင့်ဘီ)တို့မှ ကျောက်စိမ်းအတွဲပေါင်း ၂၅၅၉ အနက်မှ ကျောက်စိမ်းအတွဲပေါင်း ၁၈၂၃ တွဲကို ပြည်တွင်း ပြည်ပ ရတနာကုန်သည်များကိုလည်းကောင်း၊ အုပ်စု (စီ) မှ ကျောက်စိမ်းအတွဲအမှတ် ၂၅၆၀ မှ အတွဲအမှတ် ၃၃၀၉ အတွဲအထိ ကျောက်စိမ်းအတွဲပေါင်း ၇၅၀ အနက်မှ ၇၃၅ တွဲကို ပြည်တွင်းရတနာကုန်သည်များကိုလည်းကောင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

▪️ အလားတူ အုပ်စု(စီ)မှ ကျန်ရှိနေသည့် ကျောက်စိမ်းအတွဲများကို နိုဝင်ဘာ ၂၇ ရက်အထိ ပြည်တွင်းရတနာ ကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။  
  
#YMG/NN #Yangon_Times