#Local_News

Published 27 November 2024

▪️ အွန်လိုင်းမှတ်ပုံတင်စနစ် (MyCO) တွင် နှစ်စဉ်အစီရင်ခံစာ(AR) တင်ပြရန် ပျက်ကွက်ခဲ့ သည့် ကုမ္ပဏီပေါင်း ၁၆,၀၀၀ ကျော်အား မှတ်ပုံတင်စာရင်းမှ ပယ်
ဖျက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ သိရသည်။

▪️ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ကုမ္ပဏီပေါင်း ၁၆,၀၀၀ ကျော်သည်နှစ်စဉ်အစီရင်ခံစာ(AR)ကို အွန်လိုင်းမှတ်ပုံတင်စနစ် (MyCO) မှာ တင်ပြရန်  ပျက်ကွက်ခဲ့ခြင်းဖြစ်သည်။

▪️ ထို့ကြောင့် AR တင်ပြရန်  ပျက်ကွက်ခဲ့သည့် ယင်းကုမ္ပဏီများကို မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ ၄၃၀(စ)အရ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ကြောင်း သိရသည်။

#YMG/NN #Yangon_Times