#Local_News
Published 3 October 2024

▪️ MSME လုပ်ငန်းရှင်များကို ချေးငွေများထုတ်ချေးပေးလျက်ရှိသည့် အပြင် လုပ်ငန်းဖွံ့ဖြိုးရေးအတွက် E-Market Platform တည်ထောင်ပေးနေကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောသည်။

 

▪️ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိဝိုင်၊ ယိုစုံနှင့် မလိုင်ထုတ်လုပ်သည့် MSME လုပ်ငန်းရှင်များအား ယနေ့နံနက်ပိုင်းတွင် သုတေသနဌာနခွဲ (ပြင်ဦးလွင်) ၌ တွေ့ဆုံစဉ် ပြောကြားသည်။

 

▪️ ပြည်ထောင်စုဝန်ကြီးက MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ MSME လုပ်ငန်းရှင်များကို ချေးငွေများထုတ်ချေးပေးလျက်ရှိပြီး ချေးငွေပမာဏအနေဖြင့် အသေးစားလုပ်ငန်းကို ငွေကျပ် ၁၀ သန်း၊ အငယ်စားလုပ်ငန်းကို ငွေကျပ်သန်း ၅၀ နှင့် အလတ်စားလုပ်ငန်းကို ငွေကျပ်သန်း ၁၀၀ အထိ ထုတ်ချေးပေးလျက်ရှိကြောင်း၊ MSME လုပ်ငန်းများအတွက် နည်းပညာရရှိရေး အလုပ်ရုံဆွေးနွေးပွဲများ၊ နည်းပညာလွှဲပြောင်းပေးမှုများ၊ ကုန်ကြမ်းပစ္စည်းများရရှိရေး၊ ဒစ်ဂျစ်တယ်နည်းပညာများ အသုံးပြုနိုင်ရေးတို့ကို ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပြီး ဈေးကွက်ရရှိရေးအတွက် E-Market Platform တည်ထောင်ပေးခြင်း၊ ထုတ်ကုန်ပစ္စည်းပြခန်းကို ရန်ကုန်တိုင်းဒေသကြီး SME ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနတွင် ဖွင့်လှစ်ပြီးဒေသအသီးသီးမှ MSME ထုတ်ကုန်များကိုလည်း ရောင်းချပေးလျက်ရှိကြောင်း ပြောကြားသည်။

 

▪️ ထို့အပြင် MSME ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းပြီးပါက အသေးစားစီးပွားရေးလုပ်ငန်းများနှင့် အစပျိုးစီးပွားရေးလုပ်ငန်းများကို ထဲထဲဝင်ဝင်ကူညီပံ့ပိုးဆောင် ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်း၊ MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းတစ်ခုချင်းစီအလိုက် ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပါက ဒေသနှင့်နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times