#Local_News
Published 3 October 2024


▪️ မြဝတီ -ကော့ကရိတ်ဒေါနတောင် လမ်းဟောင်း ချောက်ကပါးသို့ (၁၀) ဘီးကုန်ကားတစ်စီးအောက်တိုဘာ ၃ရက်နေ့ မနက်ပိုင်းမှာ ထိုးကျပြီးယာဉ်မောင်းတစ်ဦးသေဆုံး ခဲ့ကြောင်း အလင်းသစ် - Rescue Myawaddy မှ သိရသည်။

 

▪️ အဆိုပါ မြဝတီ ကော့ကရိတ် ဒေါနတောင် လမ်းဟောင်း ချောက်ကပါး နှင့် အလည်ဗိုလ် တဲကြား တွင် (၁၀) ဘီးကုန်ကား ကားနံပါတ် 4B - 4002 ကား Accident ဖြစ်ပြီးလမ်းဘေး ပေ ၁၀၀ ခန့်အောက်သို့ထိုးကျသွားခြင်းဖြစ်‌ကြောင်း သိရသည်။

 

▪️ အဆိုပါဖြစ်စဉ်ကြောင့် ယာဥ်မောင်းအမျိုးသားနေရာတွင် ပွဲချင်းပြီး သေဆုံးသွားပြီး ယာဥ်နောက်လိုက်မပါကြောင်း၊ ကားအတွင်း သေဆုံးသူ ယာဥ်မောင်းမှာကားနှင့်ပိနေပါသဖြင့် ကားဆွဲမပြီးမှသာ ကားယာဥ်မောင်း DB ကို ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times