#Local_News
Published 21 March 2025

▪️ ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးတွင် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုအများစုမှာယာဉ်မောင်းမကျွမ်းကျင်မှုနှင့် မဆင်မခြင်အရှိန်ပြင်း မောင်းနှင်မှုများကြောင့် သာဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သိရသည်။

▪️ အဆိုပါ အမြန်လမ်းမကြီးတွင် ယခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလ နှစ်လအတွင်းအတွင်း ယာဉ်မတော်တဆမှု (၂၆) မှု ဖြစ်ပွားခဲ့ကာယာဉ်မတော်တဆမှုကြောင့် စုစုပေါင်း (၁၁) ဦး ‌ေ-သဆုံးကာ (၆၆) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

▪️ ယင်း ယာဉ်မတော်တဆမှုများသည် ယာဉ်မောင်းမကျွမ်းကျင်မှုနှင့် မဆင်မခြင်အရှိန်ပြင်း မောင်းနှင်မှုများကြောင့် သာဖြစ်ကြောင်း သိရသည်။

▪️ ထို့အပြင် အမြန်လမ်းမကြီးရဲတပ်ဖွဲ့အနေဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တလျှောက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရန် သတ်မှတ်အရှိန်နှုန်းထက် ကျော်လွန်မောင်းနှင်သော မော်တော်ယာဉ်များအား အရှိန်နှုန်း တိုင်းတာစက်များဖြင့် တိုင်းတာစစ်ဆေးပြီးအရေးယူခြင်းများကို အလေး ထားဆောင်ရွက်ရှိကြောင်း သိရသည်။

#YMG/NN #Yangon_Times