#Local_News
Published 20 May 2025

▪️ ထိုင်းနိုင်ငံတွင်ကျင်းပမည့် ၂၀၂၅ ခုနှစ်Sea Games အတွက် လက်ရွေးစင်များရွေးချယ်မည့်National Esports Championship: Road to SEA Game 2025 ပြိုင်ပွဲကို မေလတတိယပတ်မှစတင်ကာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

▪️ National Esports Championship ပြိုင်ပွဲသည် မြန်မာနိုင်ငံ၏ အမြင့်ဆုံးသော Esports အားကစားပြိုင်ပွဲဖြစ်ပြီး လက်ရည်စစ်ပွဲအဆင့်၊ အုပ်စုပြိုင်ပွဲအဆင့်၊ နောက်ဆုံးအဆင့်ဖိုင်နယ်ပြိုင်ပွဲကြီးဟူ၍ အဆင့်သုံးဆင့်ခွဲကာ ယှဉ်ပြိုင်သွားရမည်ဖြစ်ကာပြိုင်ပွဲကာလမှာ မေလတတိယပတ်မှ ဇူလိုင်လ တတိယပတ်အထိ နှစ်လခန့်ကြာမြင့်မည်ဖြစ်ကြောင်း၊ လက်ရည်စစ်ပွဲအတွက် ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် မေလတတိယပတ်မှ စတင်စာရင်းပေးသွင်းနိုင်မည်ဖြစ်ကြောင်း၊ ပြိုင်ပွဲနှင့် သက်ဆိုင်သည့်အသေးစိတ်အချက်အလက်များကို MESL- Myanmar Esports League Facebook Page မှတစ်ဆင့် ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

▪️ ပြည်ပ Esports ပြိုင်ပွဲများတွင် မြန်မာ့လက်ရွေးစင် Esports အားကစားအသင်းများက မြန်မာနိုင်ငံအိုလံပစ်ကော်မတီဦးဆောင်မှုဖြင့် ၂၀၂၃ ခုနှစ် နိုင်ငံတကာ Esports အားကစားအဖွဲ့ချုပ် (IESF) မှ ကျင်းပသော World Esports Champion-ship တွင် Dota 2 ပြိုင်ပွဲမှ ကမ္ဘာ့အဆင့် ငွေတံဆိပ်ဆုကိုလည်းကောင်း၊ ၂၀၂၃ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံ၌ကျင်းပသော SEA Games ပြိုင်ပွဲတွင် Mobile Legends: Bang Bang ပြိုင်ပွဲမှ ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ ၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ၌ ကျင်းပသော Hangzhou 19th Asian Games တွင် Honor of Kings ပြိုင်ပွဲတွင်အဆင့် (၅) ကိုလည်းကောင်း အသီးသီးရရှိထားခဲ့ကြောင်း သိရသည်။

#YMG/SW #Yangon_Times