#Local_News
Published 2 May 2025

▪️ ရန်ကုန်မြို့တွင်း၌ မေလအတွင်း၌ မီးပေးအုပ်စုသုံးစုအား အလှည့်ကျစနစ်ဖြင့်လျှပ်စစ်မီးပေးမည်ဖြစ်ကြောင်း သိရသည်။

▪️ ထိုသို့ပေးရာတွင် မေလ၁ရက်နေ့မှစတင်၍ A,B,Cအုပ်စုသုံးစုအား  လေးနာရီလာ ရှစ်နာရီပျက်စနစ်ဖြင့် လျှပ်စစ်မီးပေးမည်ဖြစ်ကြောင်း သိရသည်။

▪️ မေလ၂ရက်နေ့တွင် A အုပ်စု မှာ မနက်၅နာရီမှ ၉နာရီ အထိ လာပြီး ရှစ်နာရီ ပျက်မည်ဖြစ်ကာ ညနေ ၅နာရီမှ ည၉နာရီ အထိ ပြန်လည်လာမည်ဖြစ်ကြောင်း သိရသည်။

▪️ ထို့နောက်လေးနာရီပျက်ကာ နောက်တစ်နေ့မနက် ၁နာရီမှ ၅နာရီအထိပြန်လည်လာမည်ဖြစ်ကြောင်း သိရသည်။

▪️ B အုပ်စုမှာမူ  မနက်၉နာရီမှ နေ့လယ်၁နာရီ အထိလာပြီး ရှစ်နာရီပျက်မည်ဖြစ်ကာ ည၉နာရီမှ နောက်တစ်နေ့ မနက် ၁နာရီအထိ ပြန်လည်လာမည်ဖြစ်ကြောင်း သိရသည်။

▪️ ထို့အတူ Cအုပ်စုမှာ ယနေ့နေ့လယ် ၁နာရီမှ ညနေ ၅နာရီအထိလာပြီး ရှစ်နာရီ ပျက်မည်ဖြစ်ကာ နောက်တစ်နေ့မနက် ၁နာရီမှ  ၅နာရီ အထိ ပြန်လည်လာမည်ဖြစ်ကြောင်း သိရသည်။

▪️ အဆိုပါကဲ့သို့  လေးနာရီလာ ရှစ်နာရီပျက်ပုံစံဖြင့်အလှည့်ကျစနစ်များဖြင့်မေလ တစ်လတာအတွင်းလျှပ်စစ်မီးများပေးသွားမည်ဖြစ်ကာ ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုများရှိသည့်အတွက် လျှပ်စစ်မီးပေးသည့် နာရီ ပိုမိုရရှိလာကြောင်း တာမွေနှင့်ရွှေပြည်သာမြို့နယ်တွင် နေထိုင်သူများထံမှ သိရသည်။

#YMG/NN #Yangon_Times