#Local_News
Published 1 October 2024


▪️ ယခုအောက်တိုဘာလအတွင်း၌  ကုန်သေတ္တာတင်ယာဉ် ၅၂ စင်းဝင်ရောက်ဆိုက်ကပ်မည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ  သိရသည်။

 

▪️ ရန်ကုန်ဆိပ်ကမ်းဧရိယာ၌  အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများဆိုက်ကပ်နိုင်သည့်  ဆိပ်ကမ်းတံတား ၂၇ စင်း၊ ရန်ကုန်သီလဝါ အပြင်ဆိပ်ကမ်းဧရိယာမှာ ဆိပ်ကမ်းတံတား ၁၉ စင်း စုစုပေါင်း ၄၆ စင်းဖြင့် ဝန်ဆောင်မှုပေးနေခြင်း ဖြစ်သည်။

 

▪️ မြန်မာနိုင်ငံသည် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ ကုန်သွယ်မှုလုပ်ငန်းများကို ပိုမိုဆောင်ရွက်နေပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ ကုန်သေတ္တာတင်သင်္ဘောများ လစဉ်ပုံမှန် ဝင်ရောက်ဆိုက်ကပ်လျက်ရှိရာ ယခုနှစ် ၇ လတာ အတွင်း ပြည်တွင်းသို့ နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် ၄၆၄ စင်း ဝင်ရောက်ဆိုက်ကပ်ခဲ့ပြီးဖြစ်သည်။

 

▪️ လအလိုက်ဆိုက်ကပ်မှုအနေဖြင့် ဇန်နဝါရီလတွင် ၄၉ စင်း၊ ဖေဖော်ဝါရီလတွင် ၅၃ စင်း၊ မတ်လတွင် ၅၅ စင်း၊ ဧပြီလတွင် ၅၀ စင်း၊ မေလတွင် ၅၂ စင်း၊ ဇွန်လတွင် ၅၀ စင်း ၊ ဇူလိုင်လတွင် ၅၀ စင်း၊ ဩဂုတ်လတွင် ၅၀ စင်း၊စက်တင်ဘာလတွင် ၅၅ စင်း ဝင်ရောက်ဆိုက်ကပ်ခဲ့ပြီးဖြစ်ကြောင်း  သိရသည်။

 

▪️ ပြီးခဲ့သည့်  ၂၀၂၂ ခုနှစ်တွင်မူ  နိုင်ငံတကာသင်္ဘောလိုင်းများမှ ကုန်သေတ္တာတင်သင်္ဘော ၆၄၇ စင်းဝင်ရောက်ခဲ့ပြီး  ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလကုန်ထိ တစ်နှစ်တာကာလအတွင်း ရန်ကုန်ဆိပ်ကမ်းများသို့ နိုင်ငံတကာ သင်္ဘောလိုင်းများမှ ကုန်သေတ္တာတင်သင်္ဘော ၆၄၅ စင်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times