#Local_News
Published 1 October 2024

▪️ မန္တလေး ပြည်သူ့ဆေးရုံကြီး နှလုံးအထူးကုသဆောင်၌ မီးလောင်မှုတစ်ခု ယနေ့မနက်ပိုင်း၌ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

▪️ အောက်တိုဘာ၁ ရက်နေ့၊ မနက် ၅ နာရီ ၂၀ မိနစ်အချိန်ခန့်က  မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးပြည်သူ့ဆေးရုံ၊ နှလုံးအထူးကုဆောင်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

 

▪️ "မန္တလေး ပြည်သူ့ဆေးရုံကြီး နှလုံးအထူးကုသဆောင်မှာ  မီးသတင်းရလို့ နယ်မြေခံကား တွေ ထွက် ခွါငြှိမ်းသတ်ခဲ့ပါတယ်။ မိနစ်ပိုင်းအတွင်းမီးငြိမ်းခဲ့ပါတယ်၊ မီးလောင်မှုကြောင့် ဆေးရုံမှာရှိတဲ့ လူတွေထိခိုက်ဒဏ်ရာရရှိမှုမရှိပါဘူး"ဟု မန္တလေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

 

▪️ အဆိုပါ သတင်းရရှိသဖြင့် ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြိမ်းသတ်ခဲ့ရာ ၅ နာရီ  ၄၀မိနစ်အချိန်၌ မီးငြိမ်းခဲ့ကြောင်း သိရသည်။

 

▪️ အဆိုပါ မီးလောင်မှုကြောင့် ဆေးရုံရှိ လူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ မီးလောင်မှုဖြစ်စဉ်နှင့် ဆုံးရှုံးမှုတန်ဖိုးတို့အား စုံစမ်းလျှက်ရှိကြောင်း သိရသည်။

 

#YMG/NN #Yangon_Times