#Local_News
Published 16 September 2024


▪️ နေပြည်တော်မြို့အဝင်၊ ရာဇသင်္ဂဟလမ်းမကြီးပေါ်မှာ မြို့အဝင်မုခ်ဦးပုံစံ (Conceptual Design) ဒီဇိုင်းရေးဆွဲပေးပို့ရန် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဖိတ်ခေါ်ထားကြောင်း သိရသည်။

 

▪️ ကိုယ်တိုင်ရေးဆွဲထားသည်ဆိုသည့်ဝန်ခံချက်နှင့်  ဒီဇိုင်းရေးဆွဲသူကိုယ်တိုင် စိတ်ကူးအကြံဉာဏ်များကို Presentation ပြုလုပ်ရန်လည်း လိုအပ်ပြီး ပေးပို့လာသောဒီဇိုင်းများထဲမှ ရွေးချယ်ခံရ သော ဒီဇိုင်းများအတွက် ထိုက်သင့်သောချီးမြင့် ငွေများပေးအပ်သွားမည်ဖြစ်သည်ဟုဆိုသည်။

 

▪️ မုခ်ဦးပုံစံတွင်မြန်မာမှုစုလစ်မွမ်းချွန်ပုံစံထည့်သွင်းရန်လိုအပ်ပြီး အလျား၂၀၀ပေ၊အနံ၅၀ပေခန့် (Clear Span ၁၁၈ပေ)ရှိမည့်မုခ်ဦးအတွက် ဒီဇိုင်းရေးဆွဲရမည်ဖြစ်ပြီးစက်တင်ဘာလ(၃၀)ရက် နောက်ဆုံးထားကာ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)သို့  အဖွဲ့လိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ အရေအတွက် အကန့်အသတ်မရှိ ပေးပို့နိုင်ကြောင်း သိရသည်။

 

#YMG/tthl #Yangon_Times