#Local_News
Published 16 September 20224

▪️ အီရတ်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် ချင်းနှင့်ရခိုင်တိုင်းရင်းသူနှစ်ဦးအား အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။

 

▪️ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် အမိနိုင်ငံ သားများ အခက်အခဲကြုံတွေ့ရပါက နိုင်ငံသားများအပေါ် အလေးအနက် တန်ဖိုးထားသည့်အနေဖြင့်မည်သို့သောအခြေအနေနှင့် တွေ့ကြုံရသည်ဖြစ်စေ မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့သည် သက်ဆိုင်ရာ သံရုံးများနှင့် ချိတ်ဆက်၍ အမိနိုင်ငံသားများမြန်မာနိုင်ငံသို့ အမြန်ဆုံး အေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိခြင်းဖြစ်သည်။

 

▪️ ထိုသို့ ဆောင်ရွက်ပေးရာတွင်  အီရတ်နိုင်ငံအာဘေးမြို့၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားချင်းတိုင်းရင်းသူ Lal Lawm Tluangi နှင့် ရခိုင်တိုင်းရင်းသူ မစန္ဒီလင်းတို့အား အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ရန်ကိုင်ရိုမြို့ရှိ မြန်မာသံရုံးသည် ကာဒစ္စတန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရထံသံတမန်စာပေးပို့၍ ညှိနှိုင်းဆောင်ရွက်ခြင်း၊ SEED Organi-zation နှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် ၎င်းတို့နှစ်ဦးသည် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာ ခွင့် (Exit permit) ရရှိခဲ့ရာ စက်တင်ဘာ ၁၂ ရက်တွင် Erbil – Istanbul – Bangkok – Yangon ခရီးစဉ်ဖြင့် ထွက်ခွာခဲ့ကြပြီး စက်တင်ဘာ ၁၄ ရက် နံနက် ၁၁ နာရီခွဲတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့‌ ကြောင်း သိရသည်။

 

▪️ နိုင်ငံတော် အစိုးရသည် ပြည်ပတွင် အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံသားများအား မြန်မာ သံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့မှ ညှိနှိုင်းကူညီဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

 

#YMG/NN #Yangon_Times