#Local_News
Published _ 30 August 2022

 

ရန်ကုန်တိုင်းဒေသကြီးမှာ လျှပ်စစ်သုံးယာဉ် ထုတ်လုပ်တပ်ဆင်သည့် စက်ရုံ၊ အလုပ်ရုံများ လာရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ပါက စက်မှုဇုန်များနှင့် ပတ်သက်သည့် ကိစ္စရပ်တစ်ချို့အား အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

 

လျှပ်စစ်ကားထုတ်လုပ်သည့် စက်ရုံတွေရင်းနှီးမြှုပ်နှံမည်ဆိုလျှင် စည်ပင်လိုင်စင် အမြန်ရရှိစေရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြေလျှော့ပေးသွားမှာဖြစ်သလို စက်မှုဇုန်ကော်မတီများနှင့်လည်း ပေါင်းစပ်ညှိနှိုင်းပြီး စက်မှုဇုန်ကိစ္စရပ်များ အဆင်ပြေချောမွေ့စေရန် ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု သိရသည်။

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနှင့် အဆိုပါလျှပ်စစ်ယာဉ်များအတွက် Charging Station ဟုခေါ်တွင်သည့် ဘက်ထရီအားသွင်းသည့် နေရာ ၃၆ နေရာကိုလည်း တည်ဆောက်ပေးမည်ဖြစ်ကြောင်း ဆိုသည်။

 

လက်ရှိ မြန်မာနိုင်ငံမှာ လျှပ်စစ်သုံး မော်တော်ယာဉ် တင်သကော်မ ထုတ်လုပ်တာနှင့် ပတ်သက်သည့် မူဝါဒများ ချမှတ်နိုင်ရန် လုပ်ဆောင်နေပြီး အမျိုးသားလျှပ်စစ်သုံးယာဉ်ဖြင့်ဆက်စပ်လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဆိုင်ရာ အထူးသက်သာခွင့်ညှိနှိင်း ကြီးကြပ်ရေး လုပ်ငန်းကော်မတီများ ဖွဲ့စည်ဆောင်ရွက်နေကြောင်း သိရသည်။

 

#ymg/NN
#Yangon_Media_Group