#Local_News
Published_5 June 2023

သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ပိုမိုလွယ်ကူစွာ အသုံးပြုနိုင်ရေးအတွက် Automatic Licensing နှင့် Non-Automatic Licensing စနစ် စတင်အသုံးပြု ခြင်းကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့အစား ဇွန်၂၂ ရက်နေ့သို့ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

 

မည်သည့်အကြောင်းရင်းကြောင့် ပြောင်းလဲပြင်ဆင်ရခြင်းကိုမူ ထုတ်ပြန်ချက်တွင်ဖော်ပြထားခြင်း မရှိသေးချေ။

 

လမည့်ဇွန်လ ၁ ရက်နေ့ မှစတင်ပြီး သွင်းကုန်လိုင်စင်လျှောက်ထားရာတွင် ကုန်စည်လိုင်းပေါင်း ၃၀၇၅ လိုင်းကို အလိုလျောက်စနစ်ဖြင့် စတင်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ ပြီးခဲ့သည့်မေလပိုင်းမှာ ထုတ်ပြန်ထားသည်။

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ‌Trade Net 2.0 စနစ်ဖြင့် Automatic Licensing စနစ်ဖြင့် ခွင့်ပြုသွားမည့် သွင်းကုန် ကုန်စည်လိုင်းပေါင်း ၃၀၇၅ လိုင်းအား MACCS စနစ်တွင် သွင်းကုန်လိုင်စင်လိုအပ်သော အကောက်ခွန်နှုန်းလိုင်းများအဖြစ် Setting ထားရှိပြီးဖြစ်ပြီးဖြစ်ကြောင်းသိရသည်။

 

#ymg/ynzw #Local_News #AUTOMATIC LICENSING #NON-AUTOMATIC LICENSING #YMG #Yangon_Media_Group