#Local_News
Published_5 June 2023


မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်တွင် အမှတ်(၄)ရပ်ကွက်၊ နယ်မြေ(၁၁)ရှိ ရေတွင်းအတွင်းသို့ ဇွန်လ ၅ ရက်နေ့မနက်ပိုင်းက အမျိုးသား (၂)ဦး ပြုတ်ကျနေကြောင်းသတင်းရရှိတာကြောင့် အချိန်နာရီဝက်ခန့် ကူညီကယ်ဆယ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။

 

ကူညီကယ်ဆယ်ပေးခဲ့ပေမယ့်လည်း အဆိုပါအမျိုးသား၂ဦးကို သေဆုံးလျှက် ဆယ်ယူနိုင်ခဲ့ကြောင်း အဖြူရောင်လက်များပရဟိတ လူမှုကူညီရေးအသင်းမှ သိရသည်။

 

အဆိုပါ ဖြစ်စဉ်အား မြင်းခြံခရိုင်/မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ကျား(၂)ဦး(သေဆုံး)ကို အဖြူရောင်လက်များပရဟိတ လူမှုကူညီရေးအသင်းယာဉ်ဖြင့် မြင်းခြံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#ymg/ynzw #Local_News #မြင်းခြံ #ရေတွင်းထဲပြုတ်ကျသည့်အမျိုးသားနှစ်ဦး #YMG #Yangon_Media_Group