#LocalNews
Published_4 June 2022

 

နာမည်ကြီး Air Asia လေကြောင်းလိုင်း မြန်မာနိုင်ငံတွင် ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ဇွန်လ ၁ ရက်မှ စတင်၍ ရန်ကုန် - ဘန်ကောက်ခရီးစဉ်ကို ပြေးဆွဲပေးနေပြီး ရန်ကုန်- ဘန်ကောက်ခရီးစဉ် အသွားအပြန်အတွက် အနိမ့်ဆုံးဈေးနှုန်း အမေရိကန်ဒေါ်လာ ၁၂၀ မှစတင်ဝယ်ယူနိုင်ကြောင်း ၊ရန်ကုန်- ဘန်ကောက်ခရီးစဉ်ကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ တနင်္ဂနွေနေ့များတွင် ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

 

Air Asia လေကြောင်းလိုင်းအနေဖြင့် နိုင်ငံတကာခရီးစဉ်များကို ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ်လအတွင်းက ရပ်နားထားခဲ့ခြင်းဖြစ်ကြောင်း၊ယခုအခါ အာရှ နှင့် အရှေ့တောင်အာရှ နိုင်ငံအချို့ကို ပြန်လည်ပြေးဆွဲဖို့ ပြင်ဆင်နေခြင်းဖြစ်ကာ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းခရီးစဉ်များ၊ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ခရီးစဉ်များကိုလည်း ပြေးဆွဲရန်ပြင်ဆင်နေကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group