#Local_News
Published 02 July 2024


▪️ ယခုဘဏ္ဍာနှစ် သုံးလနီးပါးတာကာလအတွင်း ပြည်ပကုန်သွယ်မှုမှ  ကန်ဒေါ်လာခြောက်ဘီယံကျော်ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

▪️ ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီ ၁ ရက်မှဇွန် ၂၁ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုဒေါ်လာ ၆ ဒသမ ၂၂၃ ဘီလျံရရှိခဲ့ကြောင်း သိရသည်။

 

▪️ ပြည်ပကုန်သွယ် မှုများမှယခင်နှစ်ကာလတူတွင် ကန်ဒေါ်လာ ၇ ဒသမ ၇၁၇ ဘီလျံအထိရှိခဲ့သည့်အတွက် ယခုဘဏ္ဍာနှစ် သုံးလအတွင်း ပြည်ပကုန်သွယ်မှု ယခင်နှစ်ကာလထက် ဒေါ်လာ ၁ ဒသမ ၄၉၃ ဘီလျံ လျော့ကျနေခြင်းဖြစ်ကြောင်း သိရသည်။

 

▪️ မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံများသို့ပင်လယ်ရေကြောင်းအပြင်  နယ်စပ်ကုန်သွယ်မှုများမှပါ ကုန်သွယ်လေ့ရှိကြောင်း သိရသည်။

 

▪️ ထိုသို့နယ်စပ်များမှကုန်သွယ်ရာတွင်  အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလာဒေ့ရှ်နှင့် လာအိုနိုင်ငံတို့ဖြင့် ကုန်သွယ်ရေးစခန်း ၁၅ ခုဖွင့်လှစ် ဆောင်ရွက်နေခြင်းဖြစ်ကာ ယင်းအနက် တရုတ်နယ်စပ်နှင့် ထိုင်းနယ်စပ်တို့တွင် ကုန်သွယ်ရေးစခန်း ၁၁ ခုထိဖွင့်လှစ်ကာ အဓိက ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

 

▪️ ပြီးခဲ့သည့်နှစ်မှစတင်၍ နယ်မြေအခြေအနေများကြောင့် နယ်စပ်ကုန်သွယ်ရေးများလျော့နည်းလာခြင်းဖြစ်ကြောင်း ကုန်သည်များထံမှ သိရသည်။

 

#YMG/NN #Yangon_Times