#Local_News
Published_ 28 June 2024

▪️ ဓာတ်အားပိတ်၌ အရှေ့ဒဂုံဓာတ်အားခွဲရုံလုပ်ငန်းများတိုးချဲ့ဆောင်ရွက်ရန်ရှိ၍ အရှေ့ဒဂုံမြို့နယ် (၅)ခုတွင် ယာယီဓာတ်အားပြတ်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အသိပေးထုတ်ပြန်ထားသည်။

 

▪️ အရှေ့ဒဂုံဓာတ်အားခွဲရုံ 66kV GIS Feeder-9 Extension Bay အတွက် Bus Differential Relay အား IP Address ထပ်တိုးခြင်းနှင့် Operation Function Test လုပ်ငန်းဆောင်ရွက်ရန်အတွက် အရှေ့ဒဂုံဓာတ်အားခွဲရုံကို ဇွန်လ(၂၉) ရက်၊(၃၀)ရက်များတွင် ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်မည်ဟုဆိုသည်။

 

▪️ သို့ဖြစ်ပါ၍  အဆိုပါ လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ဒဂုံမြို့သစ်(မြောက်ပိုင်း)    မြို့နယ်၊   ရွှေပေါက္ကံမြို့နယ်၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တို့ရှိနေရာအချို့တို့တွင်   ယာယီဓာတ်အားပြတ်တောက်မှု ရှိမည်ဖြစ်ပါကြောင်းနှင့် ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်မှုမရှိစေရေး၊  ဓာတ်အားပြတ်ဧရိယာ လျော့နည်းစေရေးအတွက် အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြား အပ်ကြောင်းဖော်ပြထားသည်။

 

#tthl  #Yangon_Time