#Local_News
Published_ 28 June 2024

▪️ နေပြည်တော်နှင့်ပျဥ်းမနားမြို့များအတွင်း၌ ရေဖိုးနှုန်းထားများ ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း နေပြည်တော်းစည်ပင်သာယာရေး ကော်မတီမှ  အသိပေးထုတ်ပြန်ထားသည်။

 

▪️ ထိုသို့ပြောင်းလဲကောက်ခံရာတွင် ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းအိမ်ရာများ၊ ပုဂ္ဂလိကလူနေအိမ်များ၊ ပုဂ္ဂလိကစိမ်းလန်းရေများ၊ ပျဉ်းမနားမြို့ လူနေရပ်ကွက်များ ၊ စီးပွားရေးလုပ်ငန်းများ၊ ဟိုတယ်များ၊ စက်မှု၊ လက်မှုလုပ်ငန်းများ၊ နိုင်ငံခြားသားများနှင့်ဆက်စပ်သည့် အဆောက်အဦ လုပ်ငန်းများကို လာမည့် ဇူလိုင်လ (၁)ရက်မှစတင်၍ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။

 

▪️ ကောက်ခံမည့်နှုန်းထားများမှာ ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းအိမ်ရာများကို ယခင်မူလနှုန်းထား (၇၀)ကျပ်အစား ယခု (၁၅၀) ကျပ် ၊ ပုဂ္ဂလိကလူနေအိမ်များကို ယခင်မူလနှုန်းထား (၁၄၀)ကျပ်အစား ယခုနှုန်းထားသစ်(၂၂၀)ကျပ်၊ ပုဂ္ဂလိကစိမ်းလန်းရေကို မူလနှုန်းထား(၇၀)ကျပ်အစား (၁၄၀)ကျပ်သို့ ပြောင်းလဲပြင်ဆင်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

 

▪️ ထို့ပြင် ပျဉ်းမနားမြို့ လူနေရပ်ကွက်များကို ယခင်မူလနှုန်းထား(၂၂၀)ကျပ်၊ စီးပွားရေးလုပ်ငန်းရှင်များကို ယခင် နှုန်းထား (၂၆၀) ကျပ်နှင့် ဟိုတယ်များ၊ စက်မှု၊ လက်မှုလုပ်ငန်းများကို ယခင်မူလနှုန်းထား(၄၄၀)ကျပ်အတိုင်းသာ ကောက်ခံသွားမည်ဖြစ်ပြီး အပြောင်းအလဲမရှိကြောင်း သိရသည်။

 

▪️ ထို့အတူ နိုင်ငံခြားသားများနှင့်ဆက်စပ်သည့် အဆောက်အဦ လုပ်ငန်းများကို ယခင်မူလနှုန်းထား(၈၈၀)ကျပ်နှင့် စိုက်ပျိုးရေးသုံးရေများကိုလည်း ယခင်မူလနှုန်းထား (၂၂၀) ကျပ်အတိုင်းသာ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times