#Local_News
Published_ 24 June 2024


▪️ ဂျပန်ကုမ္ပဏီ ၂၀၀ ကျော်က မြန်မာအလုပ်သမား ၇၀၀ ခန့်ကို ခေါ်ယူဖို့ အလုပ်ကမ်းလှမ်းစာပေးပိုထားတယ်လို့ တိုကျိုမြို့ရှိ မြန်မာသံရုံးက ဇွန် ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

 

▪️ မြန်မာသံရုံးအနေနဲ့ဂျပန်နိုင်ငံမှ ကုမ္ပဏီတွေက ပေးပို့လာတဲ့ အလုပ်ကမ်းလှမ်းစာ ၂၁၂ ခုရဲ့ အချက်အလက်တွေကို စိစစ်ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

 

▪️ ထိုသို့စိစစ်ရာမှာ ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီနဲ့အလုပ်ခေါ်ယူတဲ့ စက်ရုံ/ကုမ္ပဏီတွေဟာဂျပန်နိုင်ငံမှာတရားဝင်တည်ထောင်ထားတာရှိ/မရှိ စာရွက်စာတမ်း အထောက်အထားတွေနဲ့ စစ်ဆေးနေတာ ဖြစ်တယ်လို့ဖော်ပြထားပါတယ်။

 

▪️ စိစစ်မှုအရ မြန်မာအလုပ်သမား အမျိုးသား ၂၈၀ ခန့်၊ အမျိုးသမီး အယောက် ၄၀၀ ကျော်၊ စုစုပေါင်း အလုပ်သမား ၇၀၀ ခန့် ခေါ်ယူဖို့ အလုပ်ကမ်းလှမ်းထားတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

▪️ ဇွန် ၁၄ ရက်ကလည်း ဂျပန်ကုမ္ပဏီ ၃၆၀ ကျော်က မြန်မာလုပ်သား ၁၅၀၀ ကျော် ခေါ်ယူသွားမှာဖြစ်တယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားပါသေးတယ်။

 

#Ymg_mnn #Yangon_Media_Group