#Local_News
Published_07 June 2024

▪️ ၂၀၂၄ ပညာသင်နှစ်အဝေးသင်သင်တန်းများ တက်ရောက်မည့်သူများအတွက် ကျောင်းအပ်နှံမှတ်ပုံတင်နိုင်မည့် နေ့ရက်ကိုဇွန်လ (၂၈) ရက်ထိ ဆက်လက်ရက်တိုးမြှင့်၍ လက်ခံပေးထားကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

 

▪️ ၂၀၂၄ ပညာသင်နှစ်အဝေးသင်သင်တန်းများကို  ပြီးခဲ့သည့် ဒီဇင်ဘာ (၂၆) ရက်က စတင်ဖွင့်လှစ်ခဲ့ကာ ပထမနှစ်၊ ဒုတိယနှစ်နှင့်အထက် သင်တန်းများ ကျောင်းအပ်ခြင်းကို မေလ (၃၁) ရက်အထိ သက်ဆိုင်ရာ တက္ကသိုလ်ကောလိပ်များမှ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

▪️ အဆိုပါသင်တန်းများ၏ကျောင်းအပ်မှတ်ပုံတင်ခြင်းကို ယခုဇွန်လ (၂၈) ရက်အထိစနေ၊ တနင်္ဂနွေရုံးပိတ်ရက်များမှအပ သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်များတွင် ဆက်လက်အပ်နှံနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times