#Local_News
Published_07 June 2024


▪️ တိုက်ကြီး ခရိုင်အတွက်၂၀၂၄ ခုနှစ် မိုးစပါးချေးငွေကျပ်သန်း ၆၄၀၀ ကျော် ချထားပေးကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှသိရသည်။

 

▪️ ဇွန် ၄ ရက်က တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင်အတွင်း တောင်သူများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ၂ဝ၂၄ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်းကို အခမ်းအနား ပြုလုပ်၍ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

▪️ တိုင်းဒေသကြီး ဝန်ကြီးချုပ်ကတိုက်ကြီး ခရိုင်အတွက် ၂ဝ၂၄ ခုနှစ်၊ မိုးစပါးချေးငွေ (၆၄၈၅ ဒသမ ၇၀) ကျပ်သန်းအား လည်း ကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများက တိုက်ကြီးမြို့နယ်အတွင်းရှိ တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများကိုလည်းကောင်းပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့‌ကြောင်း သိရသည်။

 

▪️ ထို့နောက် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်က တိုက်ရိုက်အစေ့ချကိရိယာ  Seeder ဖြင့် နွေစပါးစိုက်ပျိုးခဲ့သည့် တောင်သူများ အနေဖြင့် ပန်းတိုင်ရည်မှန်းချက်ကျော်လွန်စိုက်ပျိုးနိုင်ခဲ့၍ ယခုမိုးစပါးကိုလည်း Seeder ဖြင့် စိုက်ပျိုးကြရန်မှာကြားခဲ့ကြောင်း သိရသည်။

 

▪️ အဆိုပါ Seeder ဖြင့် စိုက်ပျိုးခြင်းသည်  အကုန်အကျသက်သာ၍ အထွက်နှုန်းတိုးပြီး ဝင်ငွေပိုမိုရရှိနိုင်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times