#Local_News
Published_ 21 May 2024


▪️ မလေးရှားနိုင်ငံတွင် ကျင်းပသည့် ကမ္ဘာ့ပိုက်ကျော်ခြင်းပြိုင်ပွဲISTAF SEPAKTAKRAW WORLD CUP တွင် မြန်မာအသင်းက အိန္ဒိယအသင်းကို အနိုင်ယူကာ ဆီးမီးဖိုင်နယ်တက်ရောက်သွားကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ သိရသည်။

 

▪️ Myanmar အသင်းနှင့် India အသင်းတို့ပွဲတွင် Myanmar အသင်းမှ နှစ်ပွဲပြတ်အနိုင်ယူ၍ Semi Final သို့တက်ရောက်သွားပြီဖြစ်သည်ဟု ဆိုသည်။

 

▪️ မြန်မာစံတော်ချိန် နံနက် ၉း၀၀ နာရီမှာ အားဒစ်၊ ရှိန်းလေး၊ ကျောင်းတိုက်တို့၏ Double Event ပွဲအဖြစ် India အသင်းနှင့်ယှဥ်ပြိုင်သည့်ပွဲ၌ အနိုင်ရခဲ့ခြင်းဖြစ်သည်။

 

▪️ မြန်မာစံတော်ချိန်နေ့လည် ၂း၀၀ နာရီမှာဇင်ကို၊ ထူးအောင်ကျော်၊ ရှိန်းလေး၊ မင်းသန့်၊ ဖေငြိမ်းချမ်း တို့ပါဝင်သည့် REGU Event ပွဲအဖြစ် Indonesia အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

 

#tthl #Yangon_Times