#Local_News
Published-21 May 2024

▪️ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဆင်ဖုံကျေးရွာ၊ရန်ကုန်စက်မှုဇုန်သွယ်တန်းထားသော ဓာတ်ငွေ့ပိုက်လိုင်းယို့စိမ့်မှုဖြစ်ပွားမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

▪️ ဖြစ်စဉ်မှာ မေလ၂၁ရက်နေ့၊ နေ့လယ်၁နာရီ ၂၅ မိနစ်အချိန်ခန့်က  ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဆင်ဖုံကျေးရွာ၊ ရန်ကုန်စက်မှုဇုန်သွယ်တန်းထားသော ဓာတ်ငွေ့ပိုက်လိုင်းယို့စိမ့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
'အမိုးနီးယားယိုစိမ့်မှုဖြစ်ပွာတာပါ'ဟုပုလဲမီးသတ်မှတာဝန်ရှိသူတစ်ဦးကပြောသည်။

▪️ အဆိုပါ  သတင်းရရှိသဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး၊ မြောက်ပိုင်းခရိုင်မီးသတ်စခန်းမှ LUF 60 ယာဉ်(၁)စီး၊ မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ လှည်းကူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ရွှေပေါက္ကံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးနှင့် ဝေဘာဂီနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ ထွက်ခွာလျက်ရှိကြောင်း သိရသည်။

#YMG/ NN #Yangon_Times