Published 5 March 2024
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ ရာစုသစ်စက္ကူစက်ရုံ ဝန်း အတွင်း မီးလောင်မှု ဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ ထံ ကသိရသည်။
မတ်လ ၅ရက် နေ့လည် ၁၂နာရီ ၂၉မိနစ် ခန့်က မီးလောင်ခဲ့ ခြင်းဖြစ်ကာ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၈)စီး၊ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီးနှင့် လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နေ့လည် ၁၂ နာရီ ၄၉ မိနစ် အချိန်၌ မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်သည့် ဖြစ်စဥ်မှာအဆိုပါ ရာစုသစ်စက္ကူစက်ရုံဝန်းအတွင်း စုပုံထားသော ဂတ်ထူစက္ကူပုံးအဟောင်းများ မီးလောင်ခြင်းဖြစ် ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 5 March 2024
#YMG_News #Yangon_Times #Yangon_Media_Group


 
	    	  	
	    	       
	