#Local_News
Published 29 January 2024

ပြည်ပသွင်းကုန်သမားများအဆင်ပြေစေရန်ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာကိုးသန်း ယနေ့တွင်ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။

 

ထိုသို့အမေရိကန် ဒေါ်လာရောင်းချပေးခြင်းသည် ယခု၂၀၂၄နှစ်နှစ်ဆန်းပိုင်းအတွင်းခြောက်ကြိမ်မြောက်အဖြစ်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ဒေါ်လာ ၁၂ ဒသမ ၉၄ သန်း၊ ဇန်နဝါရီလ ၅ ရက်တွင် ဒေါ်လာ ၁၆ သန်း၊ ဇန်နဝါရီ ၁၅ ရက်တွင် ဒေါ်လာ ၁၅ သန်းနှင့် ဇန်နဝါရီ ၂၅ ရက်တွင် ဒေါ်လာ ၉ သန်း၊ဇန်နဝါရီ၂၆ရက်ဒေါ်လာ ၅သန်းနှင့် ဇန်နဝါရီ ၂၉ ရက်တွင် ဒေါ်လာ ၉ သန်းထပ်မံ ရောင်းချပေးထားခြင်းဖြစ်သည်။

 

ထို့အပြင် ဇန်နဝါရီ ၁၉ ရက်တွင် ထိုင်းဘတ်သန်း ၅၀ ၊ ဇန်နဝါရီ ၂၅ ရက်တွင်ထိုင်းဘတ်ငွေ သန်း ၂၀၀နှင့် ဇန်နဝါရီ ၂၆ ရက်တွင်ထိုင်းဘတ်ငွေ သန်း ၅၀ရောင်းချပေးထားခဲ့ပြီး ဖြစ်သည်။

 

၄င်းအပြင် အမေရိကန်ဒေါ်လာ ၄ သန်းနှင့်ညီမျှသော တရုတ်ယွမ်ငွေအား SWAP Facility (ကျပ်ငွေကို အပေါင်ယူပြီး ၄င်းနှင့်ညီမျှသော နိုင်ငံခြား ငွေထုတ်ပေးခြင်း) စနစ်ဖြင့် ဗဟိုဘဏ်က ထုတ်ရောင်းပေးထားကြောင်း သိရသည်။

 

လတ်တလောတွင် ငွေကြေးဈေးကွက်အတွင်း ကျပ်ငွေဈေးနှုန်းများ ဆက်လက်ကျဆင်းနေပြီး ထိုင်းဘတ်တစ်ဘတ်လျှင် ၁၀၀ဒဿမ၅ ကျပ်ဝန်းကျင်၊ အမေရိကန်တစ်ဒေါ်လာလျှင် ၃၅၃၅ နှင့်တရုတ်ငွေတစ် ယွမ်လျှင် ၄၉၃ကျပ်အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။

 

#Local_News #ကန်ဒေါ်လာကိုးသန်း #ယနေ့ရောင်းချပေး #YMG/ NN #Yangon_Times