#Local_News
Published 20 December 2023


ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ နိုဝင်ဘာလကုန်အထိရှစ်လတာအတွင်း ပြည်ပနိုင်ငံများသို့ မြန်မာ့ပျားရည် မက်ထရစ်တန် ၁၄၀၀ ကျော် တင်ပို့ထားကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျားလုပ်ငန်းဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။

 

အဆိုပါ ရှစ်လတာကာလအတွင်း ပုဂ္ဂလိကကဏ္ဍမှ ပြည်ပနိုင်ငံများသို့ ပျားရည်တင်ပို့မှုအနေဖြင့် မက်ထရစ်တန် ၁၄၄၁ ဒသမ ၁၂ တန် တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၆၂ သန်း ရရှိထားကြောင်းသိရသည်။


မြန်မာနိုင်ငံမှ မွေးမြူထုတ်လုပ်သည့် ပျားရည်ကို ပြည်ပနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံနှင့် တရုတ်နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ပျားရည်တင်ပို့ရာတွင် ဂျပန်နိုင်ငံသို့ ၉၄၈ ဒသမ ၉၂ တန် ဖြင့် အများဆုံးတင်ပို့ပြီး ထိုင်းနိုင်ငံသို့ ၃၂၂ ဒသမ ၂ တန်၊ တရုတ်နိုင်ငံသို့ တန် (၁၅ဝ) နှင့် တောင်ကိုရီးယားနိုင်ငံသို့ တန် (၂ဝ) တင်ပို့ထားကြောင်း သိရသည်။

 

ပျားရည်ထုတ်လုပ်မှုအနေဖြင့် နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်း ပျားရည်၊ နေကြာပျားရည်၊ လိုက်ချီးပျားရည်ဟူ၍ ထုတ်လုပ်လျက်ရှိကြောင်း၊ပျားရည်ကို ပြည်တွင်း၌ ဆေးဝါးအဖြစ် အသုံးပြုမှုများသကဲ့သို့ ပြည်ပနိုင်ငံများသို့ တင်ပို့မှုမှလည်း နိုင်ငံခြားဝင်ငွေရရှိကြောင်း သိရသည်။

 

#Local_News #ပျားရည်တန်ချိန်၁၄၀၀ကျော် #ဂျပန်အများဆုံးဝယ်ယူ #YMG/ NN #Yangon_Times