Published_ 12 December 2023
စမ်းချောင်းမြို့နယ်၊လင်းလွန်း(မြောက်)ရပ်ကွက်၊ ကြံခင်းလမ်းရှိ လူနေတိုက်ခန်း တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဒီဇင်ဘာ (၁၂)ရက် နေ့လယ် (၁) နာရီ အချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ အနောက်ပိုင်းခရိုင် မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁) စီး၊ စမ်းချောင်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် (၂) စီးထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကျွမ်းမှုကြောင့် ပေါက်ကွဲမှုများလည်း ဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။
      မီးငြိမ်းသတ်ရာတွင်  နေ့လည် (၁) နာရီ (၇) မိနစ် အချိန်ခန့် Level 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နေ့လယ် (၁) နာရီ (၁၃)မိနစ် အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နေ့လည် (၁)နာရီ (၁၉) မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
Yangon-Times/LW
#Local_News
#Published 12 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group

