#Local_News
Published 11 December 2023


စင်္ကာနိုင်ငံတွင် ရောက်ရှိနေသော မြန်မာအလုပ်သမားများ အနေဖြင့် ပြည်ပနေ မြန်မာနိုင်ငံသားများ အတွက် သက်မှတ်ထားသည့် လစာဝင်ငွေခွန် ပေးဆောင်ထားသည့် အခွန်စာရွက်ပြည်ပနိုင်မှသာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးပေးမည် ဖြစ်ကြောင်း စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဒီဇင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်သည်။

 

ပြည်ပနေ မြန်မာနိုင်ငံသားများ၏ ပြည်ပတွင် ရရှိသည့် လစာဝင်ငွေအပေါ် ၂၀၂၃ ခုနှစ်အောက်တိုဘာ ၁ရက်နေ့မှ စပြီး ၀င်ငွေခွန် ပေးဆောင်ရမည် ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ နိုဝင်ဘာ ၂၂ရက်က အမိန့်ကြောငြာစာ ထုတ်ပြန်ကြေညာခဲ့သည်။

 

သို့ဖြစ်၍ စင်္ကာပူ နိုင်ငံရောက် ရှိနေသော မြန်မာနိုင်ငံသားများ အနေဖြင့် ၂၀၂၃ခုနှစ် ဒီဇင်ဘာ ၁၂ရက်မှစပြီး ၀င်ငွေခွန်ပေးဆောင်ရမည် ဖြစ်ပြီး ၂၀၂၃ခုနှစ် အောက်တိုဘာလမှ လာရောက်ဆောင်ရွက်သည့် ကာလအထိ၀င်ငွေခွန် ပေးဆောင်ပြီးမှသာ မြန်မာသံရုံး၊ စင်္ကာပူမြို့တွင်နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမြှင့်ခြင်းနှင့်ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များ လုပ်ဆောင်ပေးမည်ဖြစ်ကာ အခွန်ကောက်ခံမည့် လစဉ်နှုန်းထားများအား နေထိုင်ခွင့်အမျိုးအစားအပေါ် မူတည်ပြီး သတ်မှတ်နှုန်းထားအပေါ် ၂ရာခိုင်နှုန်းပေးဆောင်ရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖေါ်ပြထားသည်။

 

စင်္ကာပူတွင် ကျောင်းလာတတ်သည့် Student pass ကိုင်ဆောင်ထားသျူား အနေဖြင့် လက်ရှိတက်ရောက်နေသည့် ကျောင်း၏ ထောက်ခံစာ စာရွက် တင်ပြလျှင် ၀င်ငွေခွန်ပေးဆောင်ရခြင်း ကင်းလွတ်မည်ဖြစ်ကာ အခွန်ထမ်းဆောင်သူများ\ ဇနီး၊ခင်ပွန်းသို့မဟုတ် သား၊ သမီးများအား အိမ်ထောင်စုစာရင်း၊မွေးစားရင်း ၊လက်ထပ်စာချုပ် တင်ပြနိုင်ကပါက မှီခိုသူအဖြစ် သက်တမ်းတိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင်အကြောင်း အမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ပြန်မည့်သူများ အနေဖြင့် စင်္ကာပူဆိုင်ရာ မြန်မာသံရုံတွင် လစာ ၀င်ငွေခွန်အပေါ် အခွန်ထမ်းဆောင်ပြီးကြောင်း ထောက်ခံစာ လာရောက်ယူဆောင်ရန် လိုအပ်ကြောင်း သိရသည်။

 

#Local_News #မြန်မာအလုပ်သမား #နိုင်ငံကူးလက်မှတ်သက်တမ်းတိုးပေး #မြန်မာသံရုံးထုတ်ပြန် #YMG/LW #Yangon_Times