#Local_News
Published_ 07 November 2023

ကြံရာသီနီးကပ်လာသောကြောင့် သကြားဈေးနှုန်းများအမြင့်တန်း၌ငြိမ်နေကြောင်း သကြားကုန်သည်တွေထံမှသိရသည်။ လတ်တလောတွင် သကြားတစ်ပိဿာလျှင် ကျပ် ၃၇၈၀ မှ ၃၈၂၀ ကျပ်အတွင်းရှိ ကာယခုလအတွင်းဈေးငြိမ်နေကြောင်း သိရသည်။

 

'သကြားဈေးက ကြံရာသီလည်းနီးလာပြီဆိုတော့ အတက်ဈေးနဲ့ငြိမ်နေတာကမ္ဘာ့ဈေးအတက်အကျသိပ်မရှိတာလည်းပါတယ်ပေါ့၊ ဒီဘက်ကလည်းရာသီချိန်လဲနီးကပ်လာပြီဆိုတော့ဈေးငြိမ်နေတာ၊ သိပ်များများထွက်လာချိန်မှာတော့ဈေးကကျဖို့ရှိပါတယ်' ဟုကြံ သကြားကုန်သည် ဦးစိုး‌မောင်ကပြောသည်။

 

ပြည်တွင်း၌ကြံကြိတ်ခွဲရာသီမှာ ဒီဇင်ဘာလ၌ စတင်လေ့ရှိကာမတ်လနှင့် ဧပြီလများ၌ ရာသီချိန်ကုန်ဆုံးလေ့ရှိကြောင်း သိရသည်။

 

မြန်မာ့သကြားအား ဗီယက်နမ်သို့သကြားဖြူအဖြစ် အဓိကတင်ပို့လေ့ရှိသည့်အပြင်ကြံကိုအချောင်းလိုက်အဖြစ် တရုတ်သို့တင်ပို့လေ့ရှိပြီး ယခုနှစ်တွင် သကြားအမျိုးမျိုးတင်သွင်းရန်ကမ်းလှမ်းမှုများလည်းရှိကြောင်း သိရသည်။ ပြည်တွင်း၌ကြံစိုက်ဧက လေးသိန်းခွဲဝန်းကျင်အထိစိုက်ပျိုးထားပြီး သကြားအသစ်တည်ရှိရာဒေသများ၌ တိုးချဲ့စိုက်ပျိုးမှုများရှိခဲ့ကြောင်း သိရသည်။

 

#Local_News #ကြံရာသီ #သကြားဈေးနှုန်းများမြင့် #YMG/NN #Yangon_Times