#Local_News
Published_ 26 October 2023


ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ မြစံပယ်လမ်းဘေးတွင် အချင်းတန်းလန်းဖြင့် စွန့်ပစ်ခဲ့သည့် မွေးကင်းစ ကလေးငယ်ကို မခိုင်နှင်းဝေက ခေါ်ယူစောင့်ရှောက်ခဲ့ပေမယ့် သေဆုံးသွားကြောင်း မခိုင်နှင်းဝေ၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖေါ်ပြချက်အရ သိရသည်။

 

အဆိုပါ ကလေးငယ်ကို အောက်တိုဘာ ၂၃ ရက် ည ၉နာရီခန့် က အချင်းတန်းလန်းဖြင့် မွေးကင်းစ မိန်းကလေးငယ် တစ်ဦးစွန်ပစ်ခံခဲ့ရကြောင်း မြန်မာကြယ်ဖြူလူမှုကူညီရေးအသင်းထံကို ရပ်ကွက်မှအကြောင်းကြားခဲ့ပြီး ယင်းလူမှုကူညီရေးအသင်းက မခိုင်နှင်းဝေထံ ဖုန်းဆက်အကြောင်းကြားခဲ့ရာ မခိုင်နှင်းဝေမှ ညတွင်းချင်းသွားရောက်ခေါ်ယူပြီး ကလေးငယ်ကို ကျန်းမာရေးစောင့်ရှောက်မှုများ လုပ်ဆောင်ပေးခဲ့သော်လည်း သေဆုံးခဲ့ခြင်း ဖြစ်သည်။

 

ပရဟိတ မင်းသမီး မခိုင်နှင်းဝေ၏ လူမှုကွန်ယက်စာမျက်နှာတွင် အဆိုပါ မွေးကင်းစသမီးငယ်လေးကို အတတ်နိုင်ဆုံး ကြိုးစားကုသပေးခဲ့သော်လည်း အသက်မကယ်နိုင်လိုက်ကြောင်း၊ ၄ရက်သာအသက်ရှင်ခွင့်ရခဲ့ သော်လည်း နောက်ဘ၀ဆက်တိုင်း ယခုကဲ့သို့အဖြစ်ဆိုးမှ ကင်းဝေးစေဖို့ ဆုတောင်းပြုရေးသားထားသည်ကို တွေ့ရသည်။

 

#Local_News #မွေးကင်းစကလေးငယ်သေဆုံး #YMG/LW #Yangon_Times