published 3 October 2023

      ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်းရေအားလျှပ်စစ် စီမံကိန်းများအတွက် ကျပ် ၁၆၀ ဘီလီယံကျော် အသုံးပြုသွားမည် ဖြစ်ကြောင်း ရသုံးမှန်းခြေငွေစာရင်းဌာနမှ ထုတ်ပြန်သည့်အသုံး ခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များ အရသိရသည် ။

     ထိုသို့အသုံးပြုရာတွင်ရွှေလီ (၃)၊ အထက်ရဲရွာ၊ သူဋ္ဌေးနှင့်အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းများ အပါအဝင် ရေအားလျှပ်စစ်စီမံကိန်းများအတွက် ကျပ် (၁၆၂.၇၇၃) ဘီလီယံ အသုံးပြုသွားမည်ဖြစ်ကြောင်းသိရသည် ။

     ထို့အပြင် ရေအားလျှပ်စစ် စီမံကိန်းအသစ်များ စူးစမ်းလေ့လာခြင်း၊ တည်ဆောင်ပြီး ရေလှောင်တမံတွေ/ ရေအားလျှပ်စစ် စက်ရုံများနှင့် ဆက်စပ် ရေအားအဆောက်အအုံများ ပြင်ဆင်ခြင်း၊ ဆောင်ရွက်ဆဲ ရေအားလျှပ်စစ်စီမံကိန်းများအတွက် လိုအပ်သည့်  ပံ့ပိုးပစ္စည်းများ ဝယ်ယူဖြည့်တင်းခြင်းအတွက် (၇.၁၆) ဘီလီယံ သုံးစွဲရန် လျာထား‌ကြောင်း သိရသည် ။
   
      လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနှင့် ကျပ် (၃၃၈၁.၃၂၇) ဘီလီယံအထိ သုံးစွဲထားပြီး ဝန်ကြီးဌာန/အဖွဲ့အစည်းများရှိ  ဘဏ္ဍာငွေ အများဆုံးအသုံးပြုခွင့် ရရှိထားပြီး ဓာတ်အားလိုင်း/ ဓာတ်အားခွဲရုံနှင့် ဓာတ်အားပေးစက်ရုံတည်ဆောက်ခြင်း၊ ဓာတ်အားပေးစက်ရုံတွေ အဆင့်မြှင်တင်/ ပြုပြင်/ စက်နဲ့ စက်ရုံတွေ ပြင်ဆင်ခြင်း၊ ဓာတ်အားဖြန့်ဖြူးခြင်း၊ ရန်ကုန် - YESC နှင့် မန္တလေး - MESC တို့ရဲ့ အသုံးစရိတ်တွေအပါ ကျပ် (၅၁၀) ဘီလီယံကျော် သုံးစွဲထား ကြောင်းသိရသည်  ။
Yangon_Time/NN
#Local_News
#YMG #Yangon_Times #Yangon_Media_Group