Published_ 3 October 2023

မလေးရှားနိုင်ငံ ကို သွားရောက် အလုပ်လုပ်ကိုင်ရန် အတွက် ကော့သောင်းဘက်မှ ထိုင်းနိုင်ငံ ရနောင်းခရိုင် သို့ လှေဖြင့် ခိုးကာ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၉ ဦး ဖမ်းဆီးခံရ ကြောင်းထိုင်းသတင်းဌာန များ ၏ဖေါ်ပြ ချက် အရ သိရသည်။

စက်တင်ဘာ ၂ရက် နံနက် ၁နာရီ ဝန်းကျင်က အမှတ် (၂၅) ခြေမြန်တပ်ရင်းမှ တပ်ဖွဲ့ဝင်များက ထိုင်းနိုင်ငံမှတဆင့် မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် တရားမဝင်ဝင်ရောက်လာသူများရှိနေကြောင်း သတင်းရရှိသဖြင့် လှည့်လည်စစ်ဆေးရာ မှ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ယင်းအလုပ်သမားများ တင်ဆောင်လာသည့် ကားသည် အမှတ် ၆၊ ကျောလောပေါကျေးရွာအနီးရှိလမ်းမပေါ်တွင် စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ယင်း ကား ၂ စီးမှာ မောင်းနှင်ထွက်ပြေးသွား သဖြင့် လိုက်လံ ဖမ်းဆီးခဲ့ရ ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၁၉ ဦးမှာ ထိုင်းနိုင်ငံမှတဆင့် မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရန်အတွက် မန္တလေးမြို့မှ လေယာဉ်ဖြင့် ကော့သောင်းမြို့သို့ ရောက်ရှိလာခဲ့ပြီး ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်ဘက်မှ လှေဖြင့် ရ‌‌နောင်းဘက်သို့ ဝင်ရောက်လာခဲ့ကာ ပွဲစားခအဖြစ် တစ်ဦးလျင် ထိုင်းဘတ်ငွေ (၄၄၀၀၀) စီ ပေးချေခဲ့ရကြောင်း စစ်ဆေးချက်များ အရ သိရသည်။
Yangon_Time/LW
#Local_News
#YMG #Yangon_Times #Yangon_Media_Group