#Local_News
Published-27 September 2023

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့သုသာန်တစ်ခုထဲတွင် မွေးကင်းစ ခလေးငယ် ၁ဦးကို စွန့်ပစ်ထားမှု ယမန်နေ့ကဖြစ်ခဲ့ကြောင်း ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းက သိရသည်။

 

တာချီလိတ်မြို့သုသာန်တစ်ခုထဲတွင် မွေးကင်းစစွန့်ပစ်ထားသော မွေးကင်းစသမီးလေးအား တွေ့ရှိထားပါသဖြင့်  ၎င်းကလေးအား ဦးလှမိုးတို့ မိုးမေတ္တာပရဟိတ လူငယ်ဖွံ့ဖြိုးရေးဂေဟာတွင် စောင့်ရှောက်ပေးပါရန် အကူညီတောင်းခံလာခဲ့၍ ချက်ချင်းသွားရောက်ပြီး ခေါ်ဆောင်ခဲ့ကြောင်းသိရသည်။

 

"သမီးလေးအတွက်လိုအပ် သည့် ကျန်းမာရေး စောင့်ရှောက်မှုတွေ ပြုလုပ်ပေးသွားပါမယ်၊ သမီးလေး၏ ဘဝတစ်ခုလုံးအတွက် မိဘမေတ္တာအပြည့်အဝပေးပြီး နွေးထွေးစွာ ထာဝရစောင့်ရှောက်ပေးသွားမှာဖြစ်ပါတယ်"ဟု ဦးလှမိုး"တာချီလိတ်"လူ မှုကူညီရေးအသင်းကသိရသည်။

 

အဆိုပါအသင်းက နောက်နောင်တွင်လည်း ယခုကဲ့သို့ အဖြစ်မျိုးမလုပ်ကြဘဲ အသင်းထံ   လာရောက် အပ်နှံကြရန် လည်းပြောကြားထားသည်။

 

#Local_News #တာချီလိတ် #သုသာန်တစ်ခုထဲတွင်လာ​ရောက်စွန့်ပစ်
#Yangon_Times /PP