#Local_News
Published 22-7-2023

အိန္ဒိယ -မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးတွင် တိုက်ရိုက်ငွေပေးချေနိုင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနှင့် ဗဟိုဘဏ် ဉက္ကဌ တို့ ဆွေးနွေးခဲ့ကြောင်း ယင်းဘဏ်က ယနေ့တွင် ထုတ်ပြန်ထားသည်။

 

တိုက်ရိုက်ငွေပေးချေရေးနိုင်ရေးကိစ္စနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံ Punjub National Bank တွင်ဖွင့် လှစ်ထားရှိမည့် မြန်မာဘဏ်များတွင် အထူးဖွင့်လှစ်ထားရှိသော ငွေစာရင်း၌ မည်သည့်နည်းလမ်းဖြင့်မဆိုရရှိသည့် အိန္ဒိယငွေများအား ထည့်ခွင့်ပြုသွားရန် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

 

ယင်းအတွက် နှစ်နိုင်ငံသဘောတူညီချက်ပါ အချက်များအနက် ဆက်လက်ဆောင်ရွက်ရန်နှင့် အိန္ဒိယနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ ပြည်တွင်းသို့ လွှဲပို့ငွေကို အထူးဖွင့်လှစ်ထားရှိသော ငွေစာရင်း၌ လက်ခံထည့်သွင်းရန်လည်း ဆွေးနွေးခဲ့ကြသည်။

 

ထို့အပြင် နှစ်နိုင်ငံအကြား ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဆိုင်ရာကိစ္စများကို အထောက်အကူပြုရန်နှင့် နည်းပညာဆိုင်ရာအကူအညီများပေးရန်လည်း ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

 

#Ymg/my #Local_News #နှစ်နိုင်ငံကုန်သွယ်ရေးတွင် တိုက်ရိုက်ငွေပေးချေရေးဆွေးနွေး
#Yangon _Times