#Local_News
Published- 22 July 2023

ရှမ်းပြည်နယ်(တောင်ပိုင်း)ဟိုပုံးမြို့နယ်တွင်  ပထမဦးဆုံးတည်ဆောက်နေသည့် ထောပတ်သီးသန့်စင်ထုပ်ပိုးသည့်စက်ရုံကို ကုန်ကျငွေကျပ်သိန်းပေါင်း (၃၀၀၀၀)ကျော် အကုန်ကျခံ၍ တည်ဆောက်လျက်ရှိကြောင်း ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

 

မြန်မာနိုင်ငံတွင် ထောပတ်သီး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် လာမည့်ထောပတ်သီးရာသီအမီ ကြိုးစားတည်ဆောက်လျက်ရှိပြီး လက်ရှိတွင် (၆၀)ရာခိုင်နှုန်းတည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

စက်ရုံတည်ဆောက်ပြီးပါက ခူးဆွတ်အသီးများကို သန့်စင်ခြင်း၊ အရွယ်အစား Size ခွဲခြင်း၊ ပါကင်လုပ်ခြင်း စသည့်စနစ်ပိုင်းများဆောင်ရွက်သွားမည်ဖြစ်ပြီး  ပြည်ပနိုင်ငံများက တောင်းဆိုသည့် KG ပုံးများအတိုင်း ထုပ်ပိုးကာ ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် လာမည့် ထောပတ်သီးရာသီ၌ အိန္ဒိယနိုင်ငံမှ ထောပတ်သီးတန်ချိန် (၁၀၀၀)ဝယ်ယူရန် ကမ်းလှမ်းထားပြီး မြန်မာကုန်ထွက် ထောပတ်သီးရာသီချိန်ဖြစ်သော နိုဝင်ဘာလမှဖေဖော်ဝါ ရီလအတွင်း လာမည့် ၂၀၂၃-၂၀၂၄ခု နှစ်တွင် အိန္ဒိယနိုင်ငံသစ်သီးကုန်သည်အဖွဲ့အစည်းမှဝယ်ယူရန်ကမ်းလှမ်းထားသော တန်ချိန်(၁၀၀၀) ကိုလည်း တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

 

#Local_News #ပထမဦးဆုံးထောပတ်သီးသန့်စင်ထုတ်ပိုးသည့်စက်ရုံကိုဟိုပုံးမြို့နယ်တွင်တည်ဆောက်နေ
#Yangon_Times/BM