#Local_News
Published-19 June 2023


ဧရာဝတီတိုင်း၊ ဖျာပုံမြို့အနီး မြန်မာပင်လယ်ပြင်အတွင်းတွင် ဗဟိုပြုပြီး အင်အားရစ်တာစကေး(၅.၁)အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားသည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မြေငလျင်ဌာနခွဲ)မှသိရသည်။

 

ဇွန်လ ၁၉ ရက် မနက် ၈ နာရီ ၁၀ မိနစ်တွင် ဖျာပုံမြို့၏ အရှေ့တောင်ဘက်မိုင် ၇၀ ခန့်အကွာ မြန်မာ့ပင်လယ်ပြင်တွင် ဗဟိုပြုပြီးတော့ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

 

‘‘ဖျာပုံမြို့အနီး မြန်မာ့ပင်လယ်ပြင်ကိုဗဟိုပြုပြီးလှုပ်ခတ်တာပါ။ အင်အားရစ်တာစကေး(၅.၁)အဆင့်ရှိပါတယ်’’ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မြေငလျင်ဌာနခွဲ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

၂၀၂၃ ခုနှစ်အတွင်း မြေငလျင်ငယ်များဆက်တိုက်လှုပ်ခတ်ခဲ့ပြီး စစ်ကိုင်းပြတ်ရွေ့စသည့်ပြတ်ရွေ့ကြောပေါ်တည်ရှိသည့် ဒေသများတွင်မြေငလျင်ကြီး၊ ငယ်တွေလှုပ်ခတ်မှုများခဲ့သလို ပြတ်ရွေ့ကြောပေါ်မရှိသည့် ဒေသများတွင်လည်း မြေငလျင်ကြီး၊ ငယ်တွေလှုပ်ခတ်နိုင်ခြေရှိတဲ့အတွက် သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာန(မြေငလျင်ဌာနခွဲ)မှ သတိပေးနှိုးဆော်ထားသည်။

 

#ymg/tthl #Local_News #ဖျာပုံမြို့အနီးအင်အား ၅.၁အဆင့်ရှိ ငလျင်လှုပ်ခတ်
#YMG #Yangon_Media_Group