#Local_News
Published-19 June 2023

မိုခါရန်ပုံငွေဘောလုံးပွဲမှ ရရှိသည့်ကျပ်သိန်း၉၅၀ကျော်ကို မိုခါမုန်တိုင်းဒဏ်သင့်ဒေသများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း
သိရသည်။

 

ရန်ပုံငွေဘောလုံးပြိုင်ပွဲတွင် ရုပ်ရှင်အသင်း(Movie FC)၊ဂီတအသင်း(Music FC)၊ Forever FC အသင်း နှင့်ညွန့်ပေါင်းအသင်း(Old Star FC)တို ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

 

မိုခါရန်ပုံငွေ ဘောလုံးပွဲပြိုင်ပွဲတွင် ဂီတအသင်း(Music FC)ကပထမ၊ ရုပ်ရှင်အသင်း(Movie FC)ကဒုတိယ၊ ညွန့်ပေါင်းအသင်း(Old Star FC)ကတတိယနှင့် Forever FC အသင်းက စတုတ္ထနေရာကိုရရှိခဲ့ခြင်းဖြစ်သည်။

 

ပြိုင်ပွဲဗိုလ်လုပွဲကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌ၊ မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဌ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဌ၊ ရန်ကုန်တိုင်းဥပဒေချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး ပြိုင်ပွဲဆုရရှိသူများကိုဆုချီးမြှင့်ခြင်း၊ အလှူရှင်များ၏ အလှူငွေများကိုလက်ခံခြင်းများကို ဆောင်ရွက်ခဲ့သည်။

 

မိုခါရန်ပုံငွေဘောလုံးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျပ်သိန်း၃၀၀၊ စီးပွားရေးလုပ်ငန်းရှင်များမှ ကျပ်သိန်း၂၅၀နှင့် ကျန်အလှူရှင်များမှ အလှူငွေများလက်ခံရရှိခဲ့ပြီး စုစုပေါင်းကျပ် ကိုးရာ့ငါးဆယ်ငါးသိန်းငါးသောင်းကို မိုခါမုန်တိုင်းဒဏ်သင့်ဒေသများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

 

#ymg/tthl #Local_News #ကျပ်သိန်း ၉၅၀ကျော်ကို မိုခါမုန်တိုင်းဒဏ်သင့်ဒေသများပြန်လည်ထူထောင်ရေးတွင် သုံးမည် #YMG #Yangon_Media_Group