#Local_News
Published-19 June2023


မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ စစ်ကိုင်း-မန္တလေးလမ်းဘေးတွင် ဇွန်လ ၁၈ ရက်ညပိုင်းက အိမ်စီးကားတစ်စီး ပက်လက်လန်တိမ်းမှောက်၍ ကလေးငယ်တစ်ဦးအပါအဝင် လူနှစ်ဦးသေဆုံးပြီး၊ အမျိုးသမီး ၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းက သိရသည်။

 

ဖြစ်စဥ်မှာ ဇွန်လ ၁၈ ရက် ည၁၀ နာရီခန့်က အမရပူရမြို့နယ်၊ ရွှေဂဲပွားရပ်ကွက်၊ စစ်ကိုင်း-မန္တလေးလမ်းအတိုင်းမောင်းနှင်လာသည့် အိမ်စီးကားသည် ဒေါ်အေးကြင်ထမင်းဆိုင်အနီးတွင် အရှိန်မထိန်းနိုင်ဘဲ ပက်လက်လန်တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

"မိသားစု ၃ ယောက် အိမ်ပြန်လမ်းမှာဖြစ်တာ။ အဲဒီနားမှာ လူယက်မှုဖြစ်တတ်တော့ အမြန်မောင်းမိတာဖြစ်မယ်။မှောက်တော့ကားက ပက်လက်လန်သွားတယ်။ သားအဖ၂ ယောက် သေတယ်။ အမျိုးသမီးကတော့ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်"ဟုအဆိုပါ လူမှုကူညီရေးအသင်းမှ သိရသည်။

 

အဆိုပါ ယာဥ်တိမ်းမှောက် မှုဖြစ်စဥ်ကြောင့် သားအဖ ၂ဦးမှာ အခင်းဖြစ်ရာနေရာ၌ပင်ပွဲချင်းပြီး သေဆုံး၍ အမျိုးသမီးမှာ စိုးရိမ်ရ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

 

သို့ဖြစ်ပါ၍ ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးခဲ့သူနှစ်ဦးကို ဒဏ်ရာရ ရှိသူ(အမျိုးသမီး) ကို သီရိဆင်ကာပရဟိတလူမှုကူညီ​ရေးအသင်းမှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#ymg/BM #Local_News #စစ်ကိုင်း-မန္တလေး ကားလမ်းဘေးတွင် အိမ်စီးကားတိမ်းမှောက်
#YMG #Yangon_Media_Group