#Local_News
Published_10 June 2023


၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မျက်မမြင်ကျောင်းသား၊ကျောင်းသူ(၅)ဦး ထူးချွန်စွာအောင်မြင်ခဲ့​ကြောင်းမြန်မာနိုင်ငံမျက်မမြင်များအသင်းမှသိရသည်။

 

ဘဝသစ်မျက်မမြင်ကျောင်း (မိတ္တီလာ) မှ မျက်မမြင်ကျောင်းသားကျောင်းသူ ဖြေဆိုသူ ၂ ဦးရှိသည့်အနက် အောင်မြင်သူ ၁ ဦး၊ ခဝဲခြံမျက်မမြင်ကျောင်း (ရန်ကုန်) မှ ဖြေဆိုသူ ၇ ဦးရှိသည့်အနက် အောင်မြင်သူ ၄ ဦးရှိပြီး တစ်ဦးမှာ ဘောဂဗေဒဘာသာရပ်ဖြင့် ဂုဏ်ထူး ၁ ဘာသာရရှိကာ အသီးသီးအောင်မြင်ခဲ့ကြခြင်းဖြစ်သည်။

 

ယင်းကဲ့သို့ထူးချွန်စွာဖြေဆိုအောင်မြင်ခဲ့ကြသော ကျောင်းသားကျောင်းသူများ၏ အောင်မြင်မှုများအပေါ် မြန်မာနိုင်ငံမျက်မမြင်များအသင်းမှ ဝမ်းမြောက်ဂုဏ်ယူပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ထုတ်ပြန်ထားသည်။

 

#ymg/tthl #Local_News #မျက်မမြင်ကျောင်းသားကျောင်းသူ(၅)ဦးထူးချွန်စွာအောင်မြင်၊တစ်ဦးဂုဏ်ထူးထွက် #YMG #Yangon_Media_Group