#Local_News
Published_10 June 2023


ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ ဟက်ကာကျေးရွာတွင် ဇွန်လ ၁၀ ရက်နေ့ နံနက် ၁နာရီကျော်ခန့်က မိုးရွာသွန်းမှုကြောင့် လူနေအိမ်ပေါ်သို့ မြေထိန်းနံရံအုတ်တံတိုင်း ပြိုကျမှုဖြစ်ပွားပြီး လူ ၄ ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဌာနမှ သိရသည်။ သေဆုံးသူများမှာ အမျိုးသမီး ၁ ဦး နှင့် အမျိုးသား ၃ ဦးဖြစ်ကြောင်းလည်း သိရသည်။

 

အဆိုပါဖြစ်စဥ်နဲ့ပတ်သပ်ပြီး လူပိတ်မိနေကြောင်း ပတ်၀န်းကျင်မှ အ​ကြောင်းကြာလာတာကြောင်း လားရှိုးခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်ပါအ၀င် အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

 

အဆိုပါဖြစ်စဥ်ကို လားရှိုးမြို့နယ်မီးသတ်စခန်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပေးသောလက်လူမှုကူညီရေးအသင်း၊ ကမ္ဘောဇလူမှုကူညီရေးအသင်း၊ လားရှိုးလူငယ်လူမှုကူညီရေးအသင်းများ၏ လူနာတင်ယာဥ်များဖြင့် ကျား (၃)ဦး(သေဆုံး) နှင့် မ(၁)ဦး (သေဆုံး) လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်ထားပါသည်။

 

#ymg/ynzw #Local_News #လားရှိုး #အုတ်တံတိုင်းပြိုကျလူ၄ဦးသေဆုံး
#YMG #Yangon_Media_Group