#Local_News
Published_ 7 April 2023

ရန်ကုန်မြို့တွင် ယနေ့ ဇွန်လ ၇ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်က ငလျင်လှုပ်ခတ်သွားကြောင်း ရန်ကုန်နေမြို့ပြည်သူတချို့က YMG ကိုပြောသည်။

 

ငလျင်လှုပ်ခတ်သွားသည့်ဒဏ်ကို ရန်ကုန်မြို့၏ မြို့နယ်တော်တော်များများမှာခံစားသိရှိရကြောင်း မြို့ခံတွေပြောသည်။ ရန်ကုန်မြို့ ရဲ့ တာမွေ၊ ဗဟန်း ၊ အင်းစိန်၊စမ်းချောင်းစသည့်မြို့နယ်များအပြင် ရန်ကုန်မြို့နှင့်နီးစပ်သည့် မြို့နယ်များမှာပါငလျင်ဒဏ်ကိုသိသိသာသာခံစားခဲ့ရကြောင်း လူမှုကွန်ယက်စာမျက်နှာများတွင်မျှဝေနေကြသည်။

 

ရန်ကုန်မြို့ ပုလဲကွန်ဒိုနေထိုင်နေသူများကို မေးမြန်းချက်အရ ယနေ့ညနေ ၄နာရီကျော်ခန့်မှာ လှုပ်ခတ်သွားပြီး ခေါင်းမူးသွားခဲ့ကြောင်း ပုလဲကွန်ဒိုတွင် အလုပ်လုပ်ကိုင်နေသူများထံမှာသိရသည်။

 

မိုးဇလ၏ထုတ်ပြန်ချက်မှာ

 

မြေငလျင်သတင်း

 

၂၀၂၃ ခုနှစ်၊ ဇွန်လ (၇) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၆)နာရီ၊ (၂၃)မိနစ်၊ (၅၁) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် (၃၃) မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (ညောင်တုန်းမြို့၏ တောင်-အရှေ့တောင်ဘက် (၅) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၆.၉၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၆၇)ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

 

#ymg/ynzw #Local_News #ညနေပိုင်းတွင်ငလျင်လှုပ်ခတ်
#YMG #Yangon_Media_Group