#Local_News
Published- 25 May 2023

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ PDF များက အရပ်သားများလိုက်ပါလာသည့် ခရီးသွား မော်တော်ယာဉ်ကို လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

 

မေလ ၂၄ ရက် မွန်းလွဲပိုင်းက မြိတ်-ထားဝယ်ဆက်သွယ်ထားသည့် လမ်းကြောင်းပေါ်ရှိ ပုလော မြို့နယ်၊ မန်ကျည်းကုန်းကျေးရွာအနီး၌ မော်တော်ယာဉ်ဖြတ်သန်းသွားလာမှုများကို နယ်မြေခံလုံခြုံရေးအဖွဲ့များက စစ်ဆေးဆောင်ရွက်လျက်ရှိစဉ် လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့များ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ လုံခြုံရေးစစ်ဆေးမှုခံယူလျက်ရှိသည့် တနင်္သာရီရိုးမ ခရီးသည်တင်ယာဉ်ပေါ်တွင် လိုက်ပါလာသည့်ခရီးသွားပြည်သူ ၂ ဦး ကျည်ထိမှန် သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ဖြင့် ပုလောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

 

ယင်းကြောင့် ကျူးလွန်သူများကို ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#ymg/pl #Local_News #ခရီးသွားမော်တော်ယာဉ်တစ်စီးပစ်ခတ်ခံရ
#YMG #Yangon_Media_Group