#Local_News
Published_ 25 May 2023


၂၀၂၃ ခုနှစ်အတွက် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ် ချီးမြှင့် အပ်နှင်းခံရတဲ့ Ms. LEE JUNG HEE အား ဘွဲ့တံဆိပ်ချီးမြှင့်အပ်နှင်းသည့် အခမ်းအနားကို မေ ၂၄ ရက် နံနက်ပိုင်းတွင် ဆိုးလ်မြို့ရှိ မြန်မာသံရုံး၌ ကျင်းပခဲ့ပါတယ်။

 

အခမ်းအနား၌ မြန်မာသံအမတ်ကြီး ဦးသန့်စင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ချီးမြှင့်အပ်နှင်းခံရတဲ့ Ms. LEE JUNG HEE အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ချီးမြှင့်အပ်နှင်းခဲ့ပါတယ်။

 

ထို့နောက် ဘွဲ့တံဆိပ်လက်ခံရရှိတဲ့ Ms. LEE JUNG HEE က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါတယ်။ ယင်းအခမ်းအနားသို့ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဆရာတော် မိုတက် လည်း ပါဝင်တက်ရောက်ခဲ့ပါတယ်။

 

ထို့နောက် မြန်မာသံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများက ဆရာတော်မိုတက်နှင့် Ms. LEE JUNG HEE တို့အား မြန်မာ့ရိုးရာအစားအသောက်များဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိပါတယ်။

 

#ygm_mnn #Local_News #သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော် #တောင်ကိုရီးယားနိုင်ငံသူတစ်ဦးအားဘွဲ့တံဆိပ်ချီးမြှင့် #YMG #Yangon_Media_Group