#Local_News
Published_ 18 May2023

ငါးပေကျော်နက်သည့်  ကွန်ကရစ်ရေလှောင်ကန်ထဲ အမျိုးသားတစ်ဦး အောက်ဆီဂျင်ပြတ်၍ သေဆုံးမှု ယနေ့ (မေလ ၁၇ ရက်) နံနက်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင်ဖြစ်ခဲ့ကြောင်း နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့ကသိရသည်။

ဖြစ်စဥ်မှာ ယနေ့နံနက်၉နာရီအချိန်က  ၂၃ လမ်း၊ ၆၃ လမ်းနဲ့ ၆၄ လမ်းကြား၌ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ကွန်ကရစ်ရေလှောင်ကန်ထဲဆင်းပြီး ဘုတ်ပြားများကို ဆင်းဖြုတ်ချိန် ပန်းရံလုပ်သား၁ဦးအောက်ဆီဂျင်ပြတ်၍သတိလစ်မှုဖြစ်ခဲ့သဖြင့် ဆင်းကယ်ရာတွင် ဆင်းကယ်သူအမျိုးသားမှာလည်း သတိလစ်မှုဖြစ်ခဲ့ပြီးနောက် သေဆုံးခဲ့ကြောင်းသိရသည်။

" ရေကန်က ၅ပေကျော်လောက်ပဲနက်တာ။အဲဒါကို အဖုံးဖွင့်ပြီး ချက်ချင်းဆင်းတော့ ကန်အတွင်းထဲ ပြင်ပအောက်ဆီဂျင်မရသေးတာကြောင့် ဖြစ်ရရတာပါ။ ကန်ထဲဆင်းတဲ့အခါ ပထမ တစ်ယောက်ကသတိလစ်လို့ နောက်တစ်ယောက်ကဆင်းကယ်ရာမှာ နောက်ဆင်းကယ်တဲ့သူက သေတာပါ။ဆေးရုံကို ပို့ပေးခဲ့တယ်။ သတိပြန်မရလာတော့ဘူး"ဟု ယင်းပရဟိတအသင်းမှတာဝန်ရှိသူက ပြောကြားသည်။

ရေကန်ထဲဆင်း၍ ပထမဆုံးမူးလဲသူအမျိုးသားမှာ အောက်ဆီဂျင်ပေးထား၍ အသက်အန္တရာယ်
စိုးရိမ်ရန်မလိုတော့ကြောင်းလည်းသိရသည်။

#ymg/pl
#Local_News #ငါးပေကျော်အနက်ရေကန် #သတိလစ်နေသူ #ဆင်းကယ်သူအမျိုးသား
#YMG #Yangon_Media_Group