#Local_News
Published_ 11 April 2023

 

ယခုနှစ် ရန်ကုန်သင်္ကြန်ပွဲတော်အတွင်း ရုပ်ရှင်၊ သဘင်၊ ဂီတအဖွဲ့အစည်းများမှ ဖျော်ဖြေရေး ယိမ်း ၆၈ ဖွဲ့ က ဖျော်ဖြေသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သိရသည်။

 

မြို့တော်အတွင်း ရန်ကုန်မြို့တော်ရေသဘင်မဏ္ဍပ်အပြင် ပြည်သူ့ရင်ပြင်၌ လမ်းလျှောက်သင်္ကြန် အစီအစဉ်ကို ထည့်သွင်းစီစဉ်ထားရှိပြီး ရေကစားမဏ္ဍပ် ၁၂ ခု၊ ဖျော်ဖြေရေး အစီအစဉ်များ၊ စတုဒိသာမဏ္ဍပ်များနှင့် ရေကစားရင်း အလွယ်တကူဝယ်ယူစားသုံးနိုင်ရန် ဈေးဆိုင်ခန်းများ စီမံပေးထားကြောင်း သိရသည်။

 

လမ်းလျှောက်သင်္ကြန်တွင် ရောင်စုံထီးအရိပ်တို့ဖြင့် အကာအကွယ်ပေးလျက်ရှိသည့်အပြင် မြန်မာ့ရိုးရာထန်းလက်တဲများအတွင်း အနားယူအပန်းဖြေနိုင်ရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ စီမံဆောင်ရွက်ထားကြောင်းလည်း သိရသည်။

 

ပြည်သူ့ရင်ပြင်လမ်းလျှောက်သင်္ကြန်အစီအစဉ်တွင် နွေဦးကဗျာ၊ နှစ်သစ်ချစ်ဦး၊ ပိတောက်လက်ဆောင်၊ ပိတောက်ရိပ်၊ သင်္ကြန်မိုး၊ နွေအလှ၊ တူးပို့တူးပို့၊ ပိတောက်မျက်နှာ၊ နှစ်သစ်မင်္ဂလာနှင့် ပန်းမျိုးတစ်ရာ စသည့်မဏ္ဍပ်များအပြင် စတုဒိသာမဏ္ဍပ်များနှင့် အများပြည်သူ အလွယ်တကူဝယ်ယူ စားသုံးနိုင်သည့် စားသောက်ဆိုင်ခန်းများကို စနစ်တကျတည်ဆောက်ထားကြောင်းလည်း သိရသည်။

 

#ymg/mt #Local_News #ရန်ကုန်သင်္ကြန်ပွဲတော်
#YMG#Yangon_Media_Group