#Local_News
Published_ 10 April 2023

ထိုင်းနိုင်ငံ၊ ဘန်ကောက်ဆေးရုံကြီး၌ ဆေးဝါးကုသမှု ခံယူနေသည့် နိုင်ငံတော် သံဃမဟာနာယကဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးကို ထိုင်းနိုင်ငံမှ သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ ဆရာတော်က လာရောက်၍ ကျန်းမာရေးအခြအနေမေးမြန်း ဂါရဝပြု ကန်တော့ခဲ့ကြောင်း သိရပါတယ်။

 

ထိုင်းနိုင်ငံ သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ ဝပ်ဖိုလ်ကျောင်း ဆရာတော်နှင့် မဟာချူလာလောင်ကွန်းတက္ကသိုလ် နိုင်ငံခြားရေးရာဌာနဥက္ကဋ္ဌဟောင်း ဝပ်အရုဏ်း ကျောင်းဆရာတော်တို့က ဗန်းမော်ဆရာတော်ကြီးထံ ဧပြီ ၉ ရက်တွင် လာရောက်၍ ကျန်းမာရေးအခြေအနေမေးမြန်းကာ ဂါရဝပြုကန်တော့ခဲ့တာ ဖြစ်ပါတယ်။

 

ထို့နောက် ဗန်းမော်ဆရာတော်ကြီးထံ WAKI မိသားစုကလှူဒါန်းသော ရွှေသားထီးတော်ဖြင့် ပြုလုပ်ထားသည့် ဓာတုစေတီတော်ကို ဆရာတော်ကြီးက ထိုင်းနိုင်ငံမှ ဆရာတော်ထံ ပြန်လည်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

 

ဗန်းမော်ဆရာတော်ကြီးမှာ ဘန်ကောက်ဆေးရုံကြီး၌ ဆေးဝါးကုသမှုခံယူ နေခြင်းဖြစ်ကာ ဆရာဝန်များ၏ ညွန်ကြားချက်အရ အစာပျော့ပျော့ကိုသာ ဘုဉ်းပေးတော်မူနေရကာ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍ အသည်း၊ လည်ချောင်း နှင့် ပန်ကရိယတို့၌ တွေ့ရသောအဖြေကို အတိအကျသိနိုင်ရန် အဖြေရှာနေသော အခြေအနေဖြစ်ကြောင်း သိရပါတယ်။
ygm_mnn
#Local_News #ထိုင်းနိုင်ငံ #ဗန်းမော်ဆရာတော်ကြီး #ထိုင်းနိုင်ငံသံဃမဟာနာယကဒုဥက္ကဋ္ဌဆရာတော် #ဂါရဝပြု #YMG #Yangon_Media_Group